• ပဋိပက္ခကာလ အမျိုးသမီးများ၏ ရင်ဆိုင်ရမှုများနှင့် 3P1R လေ့လာသုံးသပ်ချက်မှ တွေ့ရှိချက်များ
    Aug 6 2025

    M-WPS မှ ထုတ်ဝေသော "အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး (3P1R)" လေ့လာသုံးသပ်ချက်စာတမ်းပါ အဓိကတွေ့ရှိချက်များကို တင်ပြသည့် အပိုင်းဖြစ်ပါတယ်။

    နွေဦးတော်လှန်ရေးနောက်ပိုင်းကာလတွင် အမျိုးသမီးနှင့် မိန်းမငယ်လေးများ ကြုံတွေ့နေရသော လုံခြုံရေးစိန်ခေါ်မှုများ၊ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ရင်ဆိုင်ရသော အခက်အခဲများ၊ ငြိမ်းချမ်းရေးဖြစ်စဥ်တွင် ပူးပေါင်းပါဝင်မှုအခွင့်အလမ်းများနှင့် အတားအဆီးများကို မြေပြင်လက်တွေ့အချက်အလက်များဖြင့် သုံးသပ်တင်ပြထားပါသည်။

    အလှူရှင်များ၊ NUG နှင့် Federal Units များ၊ EAO များ၊ အမျိုးသမီးလှုပ်ရှားမှုများအတွက် လက်တွေ့ကျသော အကြံပြုချက်များပါ ပါဝင်ပါတယ်။

    ပဋိပက္ခကာပဋိပက္ခကာလ အမျိုးသမီးများ၏ ရင်ဆိုင်ရမှုများနှင့် 3P1R လေ့လာသုံးသပ်ချက်မှ တွေ့ရှိချက်များလ အမျိုးသမီးများ၏ ရင်ဆိုင်ရမှုများနှင့် 3P1R လေ့လာသုံးသပ်ချက်မှ တွေ့ရှိချက်များ

    Mehr anzeigen Weniger anzeigen
    20 Min.
  • UN Women, Peace, and Security Week 2024: Myanmar Women's Demands for Action
    Jan 26 2025

    ဒီတစ်ပတ်မှာတော့မြန်မာနိုင်ငံရဲ့ လက်ရှိမြေပြင်အခြေအနေများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ပပျောက်ရေးနှင့် ပတ်သက်ပြီး ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ WPS Week မှာ မြန်မာနိုင်ငံက အမျိုးသမီးအဖွဲ့တွေ ဘယ်လိုပါဝင်ဆောင်ရွက်ခဲ့သလဲ၊ ဘယ်လိုတိုက်တွန်းချက်တွေ ပေးခဲ့သလဲဆိုတာကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။

    အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ပပျောက်ရေးအတွက် ၁၆ ရက်တာလှုပ်ရှားမှု (16 Days of Activism) နှင့် ပတ်သက်ပြီး ဆွေးနွေးသွားမှာဖြစ်ပြီး၊ မြန်မာနိုင်ငံရဲ့ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအခြေအနေများကို နိုင်ငံတကာမှာ ဘယ်လိုတင်ပြခဲ့သလဲ၊ ဘယ်လိုတိုက်တွန်းချက်တွေ ပေးခဲ့သလဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

    ဒါ့အပြင်၊ မြန်မာနိုင်ငံရဲ့ အမျိုးသမီးများ ပါဝင်မှု၊ ကာကွယ်ရေး၊ ကြိုတင်တားဆီးရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ဆောင်ချက်များကို ဆက်လက်မြှင့်တင်ရန်အတွက် ဘယ်လိုအရာတွေ လုပ်ဆောင်သွားရမလဲဆိုတာကိုလည်း ဆွေးနွေးသွားမှာဖြစ်ပါတယ်။

    Mehr anzeigen Weniger anzeigen
    17 Min.
  • အမျိုးသမီးများနှင့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ပါဝင်ဆောင်ရွက်ခြင်း - CSW 68
    Jul 11 2024

    ဤ podcast တွင် မြန်မာအမျိုးသမီးများ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ လှုပ်ရှားမှုများအကြောင်း ဆွေးနွေးထားပါသည်။ အထူးသဖြင့် ကုလသမဂ္ဂ၏ Commission on the Status of Women (CSW 68) တွင် မြန်မာအမျိုးသမီးများ ပါဝင်ခဲ့မှုနှင့် ၎င်း၏ အရေးပါပုံကို အသေးစိတ် ဖော်ပြထားပါသည်။ မြေပြင်မှ စုဆောင်းရရှိသော သတင်းစကားများကို နိုင်ငံတကာအဆင့်သို့ မည်သို့ တင်ပြခဲ့ကြသည်ကိုလည်း လေ့လာနိုင်ပါသည်။

    Mehr anzeigen Weniger anzeigen
    20 Min.
  • Episode #6
    Mar 5 2024

    ပြီးခဲ့တဲ့ Episode မှာ ကျွန်တော်တို့ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ နိုင်ငံတကာ မူဘောင်တွေနဲ့ WPS ရဲ့ မဏ္ဍိုင်ကြီး လေးခုအကြောင်းကို ဆွေးနွေးခဲ့ကြပါတယ်။ အဲ့ဒီတော့ ကျွန်တော် နောက်ထပ်သိချင်တာက WPS framework မှာparticipation ဆိုတဲ့ ပါဝင်မှုကို ဘာ့ကြောင့်အရေးကြီးတဲ့ ကဏ္ဍကနေ ထည့်သွင်းခဲ့တာပါလဲ။ ဘာလို့အမျိုးသမီးပါဝင်မှုက အရေးကြီးတာပါလဲ? ဘာလို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဂျဲန်ဒါကို ထည့်သွင်းစဉ်းစားဖို့ လိုတာပါလဲဆိုတာကို ယခု Podcast မှာ နားဆင်လို့ရပါပြီ။

    Mehr anzeigen Weniger anzeigen
    17 Min.
  • Episode #5 : 10 UNSCR WPS Resolutions
    Jan 29 2024

    ၂၀၀၀ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ UNSCR 1325 ကိုတညီတညွတ်တည်း ထောက်ခံအတည်ပြုခဲ့ခြင်းဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် လက်နက်ကိုင်ပဋိပက္ခကြောင့် အမျိုးသမီးများနဲ့ မိန်းကလေးများ ထိခိုက်နစ်နာရတဲ့ အချိုးအဆဟာ အမျိုးသားများနဲ့ မတူညီကြောင်းနဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေး လုံခြုံရေးနဲ့ ဂျဲန်ဒါရေးရာ တန်းတူညီမျှရေးအကြား ဆက်နွယ်ပတ်သတ်လျက်ရှိကြောင်းကို ပထမဦးဆုံအကြိမ် တရားဝင်အသိအမှတ်ပြုခြင်းဖြစ်ပါတယ်။ WPS agenda ဟာ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးမှာဆိုရင် အမျိုးသမီးတွေဟာ အစဉ်အလာအရ ဘေးဖယ်ထားခြင်းကို ခံရတယ်။ ဒါပေမဲ့ စစ်တွေဖြစ်ပွါးတဲ့အခါမှာ စစ်ရဲ့ ဘေးဒဏ်ကို အမျိုးသမီးတွေနဲ့ ကလေးတွေက အမျိုးသားတွေနဲ့ မတူအောင်ခံစားရတယ်။ ပိုဆိုးရွားတဲ့အရာတွေကို ခံစားရတယ်။ gender specific experience တွေလည်း ရှိတယ်။ အဲဒါတွေကို မီးမောင်းထိုးပြချင်လို့ ဒီမူဘောင်တွေက သူတို့တွေရဲ့ အသံ၊ သူတို့တွေရဲ့ အတွေ့အကြုံတွေကိုနားထောင်ပါ။ နားထောင်ရုံတင်မကဘူး သူတို့တွေ ဘာဖြစ်ချင်လဲ ဘယ်လိုပြောင်းလဲချင်လဲ ဘယ်လိုပြောင်းလဲမှုတွေကို ပုံဖော်ချင်လဲ ဆိုတာတွေကို လေးစားပါဆိုတာ ဆိုတာတွေကို တရားဝင်ဖြစ်အောင် ပြုလုပ်ပြီး ဒီမူဝါဒမူဘောင်တွေထဲမှာ ရေးဆွဲထည့်သွင်းခဲ့တဲ့အတွက် ဒီမူဘောင်တွေ ပေါ်ထွက်လာခဲ့တယ်။

    Mehr anzeigen Weniger anzeigen
    23 Min.
  • Episode #4
    Jul 13 2023

    ပထမအပိုင်းနဲ့ ဒုတိယအပိုင်းတွေမှာ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအကြောင်းအရာများကို မိတ်ဆက်ပြောပြခဲ့ပြီး ဒီ WPS မူဘောင်တွေကို ဘယ်လိုအကောင်အထည်ဖော်ဆောင်ရွက်ကာ မြေပြင်နဲ့ ကိုက်ညီအောင်လုပ်ဆောင်လို့ ရနိုင်မလဲဆိုတာကို မျှဝေပေးခဲ့ပါတယ်။

    ယခုအပိုင်းမှာတော့ စီဒေါလို့ သိကြတဲ့ “အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူစာချုပ်” “Committee on the Elimination of Discrimination against Women” (CEDAW) ကို ကျွန်တော် podcast ရဲ့ ဧည့်သည်တစ်ဦးဖြစ်တဲ့ အမျိုးသမီး၊ ငြိမ်းချမ်းရေး၊ လုံခြုံရေး တက်ကြွလှုပ်ရှားသူနှင့် အမျိုးသမီးအခွင့်အရေးအတွက် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆရာမ မိကွန်းချမ်းနွန်မှ ဆက်လက်ပြောပြသွားမှာ ဖြစ်ပါတယ်။

    နိုင်ငံတကာ အမျိုးသမီးများ၏ အခြေခံရပိုင်ခွင့် အခွင့်အရေးအဖြစ် မကြာခဏ ရည်ညွှန်းလေ့ရှိသည့် “အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူစာချုပ်” “Committee on the Elimination of Discrimination against Women” (CEDAW) ဆိုတာက ကျယ်ပြန့်ပြည့်စုံပြီး ဥပဒေအရ စည်းနှောင်အားရှိတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ပဋိဉာဉ်မူတစ်ရပ်ဖြစ်ပါတယ်။

    ကျား မ ရေးရာ တန်းတူညီမျှရေးကို မြှင့်တင်အားပေးသည့် လမ်းညွှန်အခြေခံမူများကို ရေးဆွဲပြင်ဆင်ပေးထားပြီး အမျိုးသမီးတွေအပေါ်မှာ နည်းမျိုးစုံနဲ့ ခွဲခြားဆက်ဆံတာတွေကို ရပ်တန့်စေဖို့ ပြုလုပ်ထားတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေဖြစ်ပြီး ၎င်းကို ၁၉၇၉ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံမှာ အတည်ပြုထောက်ခံခဲ့ပါတယ်။

    Mehr anzeigen Weniger anzeigen
    27 Min.
  • အမျိူးသမီးများ၏ အခက်အခဲစိန်ခေါ်မှုများ
    Apr 23 2023

    Episode #3: အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအကြောင်းများအပြင် ၎င်းတို့နဲ့ ဆက်စပ်ပတ်သက်နေတဲ့ အကြောင်းအရာတွေဖြစ်တဲ့ မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေဟာ ပဋိပက္ခတွေနှင့် စစ်ပွဲတွေကို ဘယ်လိုရင်ဆိုင်နေကြရသလဲ၊ အမျိုးသမီးတွေရဲ့ အခက်အခဲစိန်ခေါ်မှုတွေ၊

    စိုးရိမ်ပူပန်မှုတွေနဲ့ သူတို့မှာရှိတဲ့ ကြံ့ကြံ့ခံနိုင်စွမ်းရည်တွေ အကြောင်းကို ယခု Podcast မှာ တင်ဆက်ပြောပြသွားမှာဖြစ်ပါတယ်။

    ယခု Episode မှာတော့ မူဘောင်ကို ဘယ်လို အကောင်အထည်ဖော်လုပ်ဆောင်လို့ရမလဲ၊ နှစ်ပေါင်း ၂၀ ကျော် နောက်ပိုင်းမှာ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး မူဘောင်ကို ဘယ်လိုအကောင်အထည်ဖော်ဆောင်ရွက်ကာ မြေပြင်နဲ့ ကိုက်ညီအောင် လုပ်ဆောင်လို့ ရနိုင်မလဲဆိုတာကို မျှဝေပေးခြင်းဖြစ်ပါသည်။

    Mehr anzeigen Weniger anzeigen
    12 Min.
  • အမျိူးသမီး ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး
    Apr 23 2023

    Episode #2: အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုတာ ဘာလဲ? အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး အစီအစဉ်မူဘောင်ဟာ ဘယ်ကစဖြစ်ပေါ်လာသလဲ? ဘာ့ကြောင့် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထည့်သွင်းစဉ်းစား အလေးပေးဆောင်ရွက်ဖို့ အရေးကြီးတာလဲ?

    မြန်မာအမျိုးသမီး ငြိမ်းချမ််းရေးနှင့် လုံခြုံရေးအဖွဲ့ (Myanmar - Women, Peace and Security) မှ စီစဉ်တင်ဆက်သွားမည့် ယခု Podcast အစီအစဉ်မှာ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး အကြောင်းအရာများအပြင် ၎င်းတို့နဲ့ ဆက်စပ်ပတ်သက်နေတဲ့ အရာတွေဖြစ်တဲ့ မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေဟာ ပဋိပက္ခတွေနှင့် စစ်ပွဲတွေကို ဘယ်လိုရင်ဆိုင်နေကြရသလဲ၊ အမျိုးသမီးတွေရဲ့ အခက်အခဲ စိန်ခေါ်မှုတွေ၊ စိုးရိမ်ပူပန်မှုတွေနဲ့ သူတို့မှာရှိတဲ့ ကြံ့ကြံ့ခံနိုင်စွမ်းရည်တွေ အကြောင်းကို ယခု Podcast မှာ တင်ဆက်ပြောပြသွားမှာဖြစ်ပါတယ်။


    ယခု Episode မှာတော့ အမျိုးသမီး၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးမူဘောင်တွေကို ခြုံငုံသုံးသပ်ပြီး ဒီနိုင်ငံတကာ စံနှုန်းမူဘောင်တွေဟာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းရန် နိုင်ငံတိုင်းအတွက် ဘာကြောင့် အရေးကြီးသည် ဆိုတာကို ဆွေးနွေးခဲ့ကြပါသည်။



    Mehr anzeigen Weniger anzeigen
    11 Min.