"အိမ်တွင်းတောအုပ်လေး" with Ko Thurein (Terra Lab) Titelbild

"အိမ်တွင်းတောအုပ်လေး" with Ko Thurein (Terra Lab)

"အိမ်တွင်းတောအုပ်လေး" with Ko Thurein (Terra Lab)

Jetzt kostenlos hören, ohne Abo

Details anzeigen

Über diesen Titel

အိမ်ကလေး Podcast ရဲ့ နားဆင်သူများအားလုံးမင်္ဂလာပါရှင်။

ဒီတစ်ပတ်မှာ သီရိတို့ရဲ့ အိမ်ကလေး Podcast မှ ဖိတ်ခေါ်ထားတဲ့ ဧည့်သည်ကတော့ Terra Lab Team ရဲ့ Founder Ko Thurein ပဲဖြစ်ပါတယ်။

သဘာဝကိုချစ်မြတ်နိုးသူတိုင်း အိမ်ပြင်ထွက်စရာမလိုပဲ သဘာဝနဲ့ချိတ်ဆက်ပေးမယ့် Terra Lab မှာဆိုရင် မြို့ပြမှာမြင်ရခဲတဲ့ သဘာဝရဲ့အလှတရားတွေကို အိမ်နဲ့ ရုံးခန်းတွေမှာ နေ့စဉ်မြင်တွေ့နေရစေဖို့ ဖန်တီးပေးနေတာပဲဖြစ်ပါတယ်။


ဖန်အိမ်ငယ်ကမ္ဘာလေး တစ်ခုထဲမှာ သဘာဝဆန်ဆန် တောအုပ်ထဲက သစ်ပင်လေးတွေ၊ ကျောက်တုံးလေးတွေ၊ ရေတံခွန်လေးတွေ၊ စမ်းချောင်းလေးတွေနဲ့ အသေးစားဖန်တီးထားတဲ့ စိတ်ကူးထဲကတောအုပ်လေးဟာ မြင်တွေ့ရသူတိုင်း စိတ်အပန်းဖြေရသလို စိတ်ဖိစီးမှုတွေကိုလည်းလျော့ချနိုင်ပါတယ်။


အိမ်ကလေး Podcast ရဲ့ နားဆင်ကြသူတွေအနေနဲ့ ဒီလိုမျိုး သဘာဝတရားနဲ့ ချိတ်ဆက်မယ့် အနုပညာဆန်တဲ့စိတ်ကူးတွေနဲ့ ပုံဖော်ဖန်တီးရတဲ့အလုပ်ကို Ko Thurein က ဘယ်လိုစတင်စဉ်းစားဖြစ်ခဲ့တာလဲ။

ဘာကြောင့် လုပ်ငန်းတစ်ခုအနေနဲ့ ရွေးချယ်ဖြစ်ခဲ့တာလဲ။

ကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေက ဘာတွေဖြစ်မလဲ။

အခုလက်ရှိဘာတွေဆက်လက်ဖန်တီးဖြစ်နေလဲ။

ဆိုတဲ့ အကြောင်းအရာတွေကို သိချင်ကြလိမ့်မယ်လို့ သီရိကထင်ပါတယ်။


ဒါကြောင့် သီရိက "အိမ်တွင်းတောအုပ်လေး" ဆိုတဲ့ခေါင်းစဉ်လေးအောက်မှာ Ko Thurein နဲ့အတူ နားဆင်သူတွေ သိချင်ကြမယ့် အကြောင်းအရာတွေကို ဆွေးနွေးသွားမှာပဲဖြစ်ပါတယ်။

နားဆင်ခံစား အားပေးကြပါဦးရှင်။


Eainkalay Podcast ကို အောက်ပါ Link တွေကနေ နားဆင်နိုင်ပါတယ်ရှင်။


YouTube:

https://www.youtube.com/@ayesayoriginal


Spotify:

https://open.spotify.com/show/6yULQFNJhwVIm23KaKkVbl?si=2a293d2bc754427a


Apple Podcast:

https://podcasts.apple.com/us/podcast/%E1%80%A1-%E1%80%99-%E1%80%80%E1%80%9C-podcast-by-thiri/id1705832644


Facebook:

https://www.facebook.com/ayesayoriginal


Instagram:

https://www.instagram.com/ayesayoriginal

Noch keine Rezensionen vorhanden