Songwriter's Notes omslagsbild

Songwriter's Notes

Songwriter's Notes

Av: Wi Ra Moe Nay
Lyssna kostnadsfritt nu, utan abonnemang

Das größte Angebot der Saison | 0,99 € pro Monat für die ersten 3 Monate + 15 € Audible-Guthaben

Danach 6,99 €/Monat. Bedingungen gelten. Monatlich kündbar.
Om den här titeln
ဒီ Podcast ဟာ သီချင်းရေးတဲ့အကြောင်းတွေကို ပြောဖို့ ရည်ရွယ်ရင်းနဲ့ လုပ်ဖြစ်တဲ့ Podcast ဖြစ်ပါတယ်။ လူချင်းအပြင်မှာဆုံဖို့ အကန့်အသတ်တွေတဖြေး‌ဖြေးများလာတဲ့ကာလတွေမှာ သီချင်းတွေအကြောင်းပြောရတာကို သဘောကျတဲ့သူတွေအချင်းချင်း အပြန်အလှန်ဆွေးနွေးလို့ရမယ့် ရပ်၀န်းတစ်ခုအဖြစ်လည်း ရည်ရွယ်ပါတယ်။ သီချင်းတွေရဲ့ ဖြစ်တည်မှု၊ ဖန်တီးမှုတွေဘယ်လိုရှိသလဲ ဇာတ်ကောင်တွေနဲ့ ဇာတ်ကြောင်းတွေက ဘယ်လို အလုပ်လုပ်လဲ သီချင်းရေးတဲ့သူတစ်ယောက်အနေနဲ့ သီချင်းတွေရေးသားဖန်တီးတဲ့အခါမှာ ကြုံရတဲ့အခြေအနေတွေ ပါ၀င်မှာ ဖြစ်ပါတယ်။ စိတ်၀င်စားတဲ့သူတွေ ဆက်ပြီးနားထောင်ကြဖို့ ဖိတ်ခေါ်ပါတယ်။Wi Ra Moe Nay Musik
Avsnitt
  • Episode (6) - “သီချင်းရေးလို့မထွက်တဲ့နေ့တွေကိုဘယ်လိုလက်ခံလဲ”
    Nov 12 2026

    သီချင်းရေးလို့ မထွက်တဲ့အချိန်တွေ၊ နေ့တွေမှာ ကျွန်တော်တို့က သီချင်းရေးတဲ့သူတွေ မဟုတ်တော့ဘူးလား။ ကျွန်တော်တို့ဆီမှာ ပါရမီတွေ Inspiration တွေ ကုန်သွားတာလား။ လုံး၀မဟုတ်ပါဘူး။ ကျွန်တော်တို့ ဦးနှောက်က အချက်ပြနေတာ ကျွန်တော် တို့ အနားယူဖို့ ခဏ ဘရိတ်သပ် ဖို့ လိုတယ်ဆိုတာကို အချက်ပြနေတာပါ။ ပိုကောင်းတဲ့ဖန်တီးမှုတွေထပ်လာဖို့အတွက် ခဏ နားလိုက်ပါဦးလို့ ပြောနေတာပါ။


    ကျွန်တော်လည်း အရင်တုန်းကတော့ ဒီနေ့ ဘာမှရေး လို့ မထွက်ဘူး။ ဒီလ ဘာမှ ရေးလို့ မထွက်ဘူးလို့ အပြစ်တင်မိတယ်။ ဒါပေမယ့် ကျွန်တော် လုပ်နိုင်ခဲ့တာတွေ အများကြီးပဲ၊ ကျွန်တော်ထပ်လုပ်ဦးမယ့်ဟာတွေ အများကြီးပဲ လို့ ကျွန်တော်ကိုယ့်ကိုယ်ကို ယုံကြည်တယ်။ ဘ၀ရဲ့ ရှင်သန်ရုန်းကန်ရမှုတွေကြောင့် Writer’s Block ဖြစ်နေတာကို ကျွန်တော်လက်ခံလိုက်တယ်။ သီချင်းမရေးပေမယ့် သီချင်းအတွက် ရမယ့် ကုန်ကြမ်းတွေ ဖြစ်တဲ့ သီချင်းနားထောင်တာ ၊ ရုပ်ရှင်ကြည့်တာ၊ လူတွေနဲ့ ဆက်ဆံရေးကို သတိထားပြီး ခံစားတာ၊ စာအုပ်ဖတ်တာ တွေ ၊ သူများသီချင်းတွေကို ဂစ်တာနဲ့လေ့ကျင့်တာ CHord အသစ်တွေလေ့လာတာကို ကျွန်‌တော်လုပ်တယ်။ အဲ့အချိန်မှာလည်း ကျွန်တော်ဟာ သီချင်းရေးဖို့ အားထုတ်နေတာပဲ လို့ ကိုယ့်ကိုယ်ကို အသိအမှတ်ပြု လို့ ရသွားတယ်။

    ———

    ဒီ Podcast မှာ သီချင်းရေးတဲ့အကြောင်းတွေနဲ့ သီချင်းအကြောင်းတွေ အဓိကပြောပါမယ်။

    သီချင်းတွေရဲ့ ဖြစ်တည်မှု၊ ဖန်တီးမှုတွေဘယ်လိုရှိသလဲ

    ဇာတ်ကောင်တွေနဲ့ ဇာတ်ကြောင်းတွေက ဘယ်လို အလုပ်လုပ်လဲ

    သီချင်းရေးတဲ့သူတစ်ယောက်အနေနဲ့ သီချင်းတွေရေးသားဖန်တီးတဲ့အခါမှာ ကြုံရတဲ့အခြေအနေတွေ ပါ၀င်မှာ ဖြစ်ပါတယ်။ စိတ်၀င်စားတဲ့သူတွေ ဆက်ပြီးနားထောင်ကြဖို့ ဖိတ်ခေါ်ပါတယ်။


    ဆွေး နွေးချင်တဲ့အ ကြောင်းအရာ တွေကိုလည်း Comment Box က နေ တစ်ဆင့် ဆွေး နွေးထားလို့ရပါတယ်။


    အပိုင်းသစ် တွေ အတွက် ကျွန် တော့်ရဲ့Channel တွေ Page တွေကို Follow/Subscribe လုပ်ထားလို့ရပါတယ်။


    Spotify : https://open.spotify.com/show/2I89umbgPOB73PXzgIp1JK?si=e-jhjWPfSL2M_0-OoBf6Ng&utm_source=copy-link

    Youtube : https://www.youtube.com/wiramoenay

    Facebook : https://www.facebook.com/wrmoenay


    #songwritersnotes #songwriting #wiramoenay #writersblock #podcast #episode6 #ဝီရမိုးနေ #တေးရေးမှတ်စု #သီချင်းရေးခြင်း


    Visa mer Visa mindre
    7 min
  • Episode(5) - “Cover Song တွေတီးခတ်သီဆိုတာက ကိုယ်ပိုင်သီချင်းရေးဖို့လမ်းစ”
    Oct 20 2026

    Cover Song တွေကို တီးတာက ကိုယ်ပိုင်သံစဥ်တွေရေးဖို့ နဲ့ ဆိုဖို့အတွက် အရေးကြီးတဲ့အလေ့အကျင့် လမ်းစပဲ။ သူများဘာလုပ်ထားလဲ အရင်လေ့လာကြည့်ပြီးမှ ကိုယ်ဘာလုပ်ချင်တာလဲဆိုတာ သိအောင်မွေးမြူရတာပဲ။ ဘယ်သီချင်းရေး ဆရာမှ ကိုယ်ပိုင်သီချင်းနဲ့ စပြီး ဂစ်တာတွေ စခေါက်တာ မဟုတ်ဘူး။ တူရိယာတွေ စတီးတာမဟုတ်ဘူး။ ရှိပြီးသားသံစဥ်တွေ သီချင်းတွေကိုနားထောင်ရင်း လေ့ကျင့်ရင်းနဲ့မှ ကိုယ်ပိုင်သံစဥ်တွေကို ဖန်တီးကြရတာ။


    ဟိုး ကမ္ဘာဦး အစကဆိုရင်တောင် သစ်ရွက်လှုပ်သံ၊ လေတိုးသံ၊ ငှက်အော်သံ တွေကို တုပ နားထောင်ပြီးမှ ဂီတကို ဖန်တီးခဲ့ကြရတာဖြစ်တယ်လို့ ကျွန်တော်ယုံတယ်။ တူရိယာတွေ မရှိသေးတဲ့အချိန်မှာ လက်ခုပ်တီးတာ ၊ လေချွန်တာ ၊ သစ်တုံးတွေကို ခေါက်ပြီး အသံလုပ်တာ နဲ့ စခဲ့တာလို့ ကျွန်တော်ယုံတယ်။ ဒါတွေ ခဏထားပါ ကျွန်တော် သမိုင်းဆရာမဟုတ်တော့ အချက်အလက်အမှားတွေ ပေးမိမှာ စိုးတယ်။ ကျွန်တော်ဆိုလိုချင်တာ က ရှိပြီးသား အသံတွေ အရာတွေကိုသုံးပြီးတော့မှ ပဲ လူသားတွေဟာ ကိုယ်ပိုင်သံစဥ်ကို ဖန်တီးဖို့ လေ့ကျင့်ယူရတာ ဆိုတဲ့ သဘောတရားပါ။ အရှိတရားပါ။


    - Episode (5)

    - Cover Song is a path to create own tunes

    - Songwriter’s Notes Podcast

    —————————————-


    ဒီ Podcast မှာ သီချင်းရေးတဲ့အကြောင်းတွေနဲ့ သီချင်းအကြောင်းတွေ အဓိကပြောပါမယ်။

    သီချင်းတွေရဲ့ ဖြစ်တည်မှု၊ ဖန်တီးမှုတွေဘယ်လိုရှိသလဲ

    ဇာတ်ကောင်တွေနဲ့ ဇာတ်ကြောင်းတွေက ဘယ်လို အလုပ်လုပ်လဲ

    သီချင်းရေးတဲ့သူတစ်ယောက်အနေနဲ့ သီချင်းတွေရေးသားဖန်တီးတဲ့အခါမှာ ကြုံရတဲ့အခြေအနေတွေ ပါ၀င်မှာ ဖြစ်ပါတယ်။ စိတ်၀င်စားတဲ့သူတွေ ဆက်ပြီးနားထောင်ကြဖို့ ဖိတ်ခေါ်ပါတယ်။


    ဆွေး နွေးချင်တဲ့အ ကြောင်းအရာ တွေကိုလည်း Comment Box က နေ တစ်ဆင့် ဆွေး နွေးထားလို့ရပါတယ်။


    အပိုင်းသစ် တွေ အတွက် ကျွန် တော့်ရဲ့Channel တွေ Page တွေကို Follow/Subscribe လုပ်ထားလို့ရပါတယ်။


    Spotify : https://open.spotify.com/show/2I89umbgPOB73PXzgIp1JK?si=e-jhjWPfSL2M_0-OoBf6Ng&utm_source=copy-link

    Youtube : https://www.youtube.com/wiramoenay

    Facebook : https://www.facebook.com/wrmoenay


    #songwritersnotes #songwriting #wiramoenay #coversongs #podcast #episode5 #ဝီရမိုးနေ #တေးရေးမှတ်စု #သီချင်းရေးခြင်း

    Visa mer Visa mindre
    9 min
  • Episode(4) - “ဒီသီချင်းနဲ့ဆင်နေသလား”
    Oct 18 2026
    လူတွေမှာလည်း ရုပ်ချင်းဆင်ကြတဲ့လူတွေ ရှိသလို ပဲပေါ့။ သီချင်းတွေမှာလည်းဆင်တာတွေရှိတာပေါ့။ သီချင်းတွေအများကြီးနားထောင် ဖြစ်တဲ့အခါကျတော့ နားထောင်နေတဲ့ တချို့ သီချင်းတွေတစ်ပုဒ်နဲ့ တစ်ပုဒ်ကိုတောင် ဆင်တူယိုးမှားကြီး ဒါကြီး က ဒီဟာနဲ့ ဟိုဟာ နဲ့တူနေတယ်လေလို့ ခဏခဏဖြစ်တယ်။ 'ငါနင့်ကို ချစ်တယ်' ဆိုတဲ့ စကားလုံးကို လူတိုင်း သုံးကြပေမဲ့ ပြောတဲ့သူရဲ့ အသံနေအသံထား၊ အခြေအနေနဲ့ ခံစားချက်ပေါ် မူတည်ပြီး အဓိပ္ပာယ် ကွဲပြားသွားသလိုပေါ့ဗျာ...။ ကျွန်တော်လည်း သီချင်းတွေရေးနေတာပဲ သွားပြီးတူတဲ့ဟာ မျိုးတွေ အများကြီး ရှိတာပေါ့။ တိုက်ရိုက်ကြီး တူနေတဲ့ဟာမျိုးတွေဆိုရင် ကျွန်တော်ပြန်ပြောင်းတယ်။ ပြင်တယ်။ မသိစိတ်က လွှမ်းမိုးခံရပြီး ပါသွားတဲ့ဟာတွေကို တော့ ကျွန်တော် မသိဘူး။ ငါနင့်ကိုချစ်တယ် လို့ ပြောတဲ့ပုံစံကို ဘာသာစကားအရ သူများနဲ့ မတူအောင် ကျွန်တော်ပြော နိုင်ဖို့ ကြိုးစားတယ်။ သံစဥ်အရသူများနဲ့ မတူဘဲ ထူးခြားအောင် ပေါင်းစပ်တင်ပြနိုင်အောင်ကြိုးစားတယ်။ ရိုးသားမှုအခြေခံပြီး ကြိုးစားဖို့ပဲ။ Chord Progression တွေ တူနေရင် သံစဥ်အယူအဆတွေ ဆင်သလိုရှိနေတာတွေ က ဘယ်သူ့အပြစ်မှ မဟုတ်ဘူး။ အဲ့ဒါတွေကို ကျွန်တော် ရှေ့အပိုင်းမှာ ပြောခဲ့သလို Inspiration အနေနဲ့ဖြည့်တွေးလိုက်လို့ ရတယ်။ Reference အနေနဲ့ ဖြည့်တွေးလိုက်လို့ ရပါတယ်။သံတူကြောင်းကွဲ ဘာသာစကားမှာရော ဂီတ မှာ ရုပ်ရှင်မှာရော ကဗျာမှာရော အများကြီးပဲ။Fear of similarity ကြောင့်ကိုယ့်ရဲ့ Creativity နဲ့ Writing ကို Block မဖြစ်စေချင်တာပါပဲ။———————-ဒီ Podcast မှာ သီချင်းရေးတဲ့အကြောင်းတွေနဲ့ သီချင်းအကြောင်းတွေ အဓိကပြောပါမယ်။ သီချင်းတွေရဲ့ ဖြစ်တည်မှု၊ ဖန်တီးမှုတွေဘယ်လိုရှိသလဲ ဇာတ်ကောင်တွေနဲ့ ဇာတ်ကြောင်းတွေက ဘယ်လို အလုပ်လုပ်လဲသီချင်းရေးတဲ့သူတစ်ယောက်အနေနဲ့ သီချင်းတွေရေးသားဖန်တီးတဲ့အခါမှာ ကြုံရတဲ့အခြေအနေတွေ ပါ၀င်မှာ ဖြစ်ပါတယ်။ စိတ်၀င်စားတဲ့သူတွေ ဆက်ပြီးနားထောင်ကြဖို့ ဖိတ်ခေါ်ပါတယ်။ဆွေး နွေးချင်တဲ့အ ကြောင်းအရာ တွေကိုလည်း Comment Box က နေ တစ်ဆင့် ဆွေး နွေးထားလို့ရပါတယ်။ အပိုင်းသစ် တွေ အတွက် ကျွန် တော့်ရဲ့Channel တွေ Page တွေကို Follow/Subscribe လုပ်ထားလို့ရပါတယ်။Spotify : https://open.spotify.com/show/2I89umbgPOB73PXzgIp1JK?si=e-jhjWPfSL2M_0-OoBf6Ng&utm_source=copy-linkYoutube : https://www.youtube.com/wiramoenay Facebook : https://www.facebook.com/wrmoenay #...
    Visa mer Visa mindre
    14 min
adbl_web_anon_alc_button_suppression_t1
Inga recensioner ännu